မြတ်မန္တလာထွန်း အမြန်ယာဉ်လိုင်းသည် မြန်မာပြည်တစ်ဝှမ်း အဝေးပြေး ခရီးစဉ်များကို တာဝန်ယူ ပြေးဆွဲပေးနေသော ယာဉ်လိုင်းဖြစ်ပါသည်။ ခရီးသည်များ ဘေးကင်းလုံခြုံစွာနှင့် သက်သောင့်သက်သာစီးနင်းလိုက်ပါနိုင်ရန်အတွက် ခေတ်မီအဆင့်မြင့် ယာဉ်ကြီးများဖြင့် ကျွမ်းကျင်သော ယာဉ်မောင်းများ၊ ဖော်ရွေပျူငှာသော ယာဉ်အကူများနှင့် ၂၄ နာရီ ဂိတ်ဝန်ထမ်းများမှ အကောင်းဆုံး ဝန်ဆောင်မှုများကို အထူးအလေးထား ဆောင်ရွက်ပေးနေပါသည်။
လူကြီးမင်းတို့၏ ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်၊၊ မြတ်မန္တလာထွန်း ယာဉ်လိုင်းနှင့်အတူ ခရီးသွားလာရန် နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။
တစ်တန်းလျှင် ကျယ်ဝန်းသော နောက်မှီထိုင်ခုံ (၃) ခုံပါဝင်သောကြောင့် ခြေတင်ရန်နေရာ ပိုမိုကျယ်ဝန်းပြီး ခရီးဝေးသွားလာရာတွင် သက်သောင့်သက်သာနှင့် အပြည့်အဝ အနားရစေပါသည်။
ဈေးနှုန်းသင့်တင့်ပြီး ခရီးစဉ်တစ်လျှောက် သက်သောင့်သက်သာ လိုက်ပါနိုင်ရန် အတန်းတစ်ခုစီတွင် စံချိန်မီ ထိုင်ခုံ (၄) ခုံဖြင့် စနစ်တကျ ဖွဲ့စည်းထားပါသည်။
ဝန်ဆောင်မှုများ